S8 leak ပြန်ပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကျွန်တော်ထင်တယ်လေ ၊ ၂၀၁၇ ကို အပိုင်းသိမ်းမယ့် ဖုန်းက Samsung ရဲ့ S8 ဖြစ်မလား ပဲ။ မီးမလောင် ရင်ပေါ့ …. ဟက်ဟက် … 😛 😀

ပြောလို့ ပြောတာ မဟုတ်ဘူးဗျ။ ဒီ S8 က လည်း မီးလောင်တဲ့ ကိစ္စ ကြောင့်ပဲ ပိုပြီး လူစိတ်ဝင်စားလာသလို ၊ မီးလောင်လို့ နာမည် ထိုးကျ နေတာကို အဖတ်ဆယ်ဖို့ Samsung က အပတ်တကုတ် ရေကုန်ရေခမ်း ကြိုးစား ရင်းနဲ့ပဲ ပိုပြီး ကောင်းတဲ့ ၊ ပုံစံသစ်ကို ချပြမယ့် ဖုန်းတစ်လုံး ဖြစ်လာမယ် ယူဆတာပဲဗျ။ ဒါကြောင့် လည်း ဒီနှစ်မှာ သေချာမှ ချပြမယ် ဆိုတဲ့ သဘောနဲ့ နောက်ဆုတ်လာလိုက်တာ မတ်လ ကုန်ကိုတောင် ရောက်ရောပဲ။

မတ်လ ၂၉ မှာ ချပြမယ် ၊ ရက်ကလည်း နီးလာပြီ ဆိုတော့ ပုံတွေလည်း အပြင်ကို leak ထပ် ဖြစ်လာတယ်ဗျ။ ပုံတွေကတော့ အမှန်သာ ဖြစ်ကြေးဆိုရင် အလန်းစားပဲ။

ဒီတစ်ပတ် ထပ်ထွက်လာတဲ့ leak မှာတော့ S8 ရဲ့ always on display ကို မြင်ရတယ်ဗျ။ ထူးထူးဆန်းဆန်း ဆိုရင် ဘောင်ပျောက်အောင် လုပ်ထားတဲ့ S8 ရဲ့ always on display အောက်ဖက်မှာ always on home button လို့ပဲ ပြောရမလား ၊ home button ပုံလေး ပေါ်နေတာ တွေ့တယ် ဟုတ် ???? (အမှုန်တွေက မှန်ကွဲနေတာဟုတ်ဘူး ၊ display က စတိုင်ထုတ်ထားတာ …. 😛 😀 )

သဘောကတော့ အဲ့ဒီ home button လေးကို နှိပ်ပြီး phone ကို ဖွင့်လို့ ရမယ် ဆိုပြန်တော့လည်း ၊ တဖက်က ပြန်စဉ်းစားကြည့်ရင် အဲ့ဒီ always on home button လေးမှာ finger print reader မှ မပါပဲကိုး ။ နောက်ဆုံးတော့ အဲ့ ခလုတ်လေးကို နှိပ် ၊ ပြီးရင် ဖုန်းကို မ ၊ နောက်မှာ ပါတဲ့ finger printer reader လေးပေါ် လက်နဲ့ တင်ရဦးမှာတော့ မြင်ယောင်မိသေး။

အကယ်၍သာ အဲ့လို့ ဖုန်းကို မ ပြီးနှိပ်ရာမှာက အမှန်ဖြစ်ကြေး ၊ တစ်ဖက်မှာလည်း Apple ရဲ့ iPhone အသစ်မှာ fingerprint reader ကို ရှေ့မှန်အောက်မြုပ်ထားမယ် ဆိုတဲ့ သတင်းကလည်း အမှန်ဖြစ်ကြေး ဆိုရင် ဒီ ပွဲမှာတော့ iPhone အသစ်က အနိုင်ရသွားဦးမှာတော့ သေချာသလောက်ရှိနေပြန်ပြီလေ။

Fingerprint reader ဆိုလို့ ၊ ပုံတွေအရတော့ S8 အတွက် fingerprint reader က အနောက်မှာ ၊ အနောက်မှာမှ ၊ Huawei လို့ ကင်မရာအောက်မှာ အဝိုင်းလေး ဆိုရင် ပိုဖမ်းရ လွယ်မယ် ထင်ပေမယ့် လည်း ၊ ပြသနာက S8 မှာက အရင်ဖုန်းတွေမှာ ပါပြီးသား heart rate sensor လေးကလည်း ပါသေးတယ် ဆိုတော့ ပုံစံ အရ အဆင်ပြေအောင် ကင်မရာကို ဟိုဖက် ၊ ဒီဖက် ညှပ်ပြီး တစ်ဖက်မှာ fingerprint reader ၊ တစ်ဖက်မှာ heart rate sensor ဖြစ်မယ်ဆိုတော့ ၊ ဖုန်းကို unlock လုပ်ဖို့ fingerprint reader ပေါ် လက်တင်တော့မှ heart rate sensor ပေါ် ရောက်ရောက် နေတာ အကျင့်လုပ်ရဦးမှာတော့ ထပ်ပြီး မြင်ယောင် မိသား… 😛 😀

လောလောဆယ်တော့ မယောင်ရာဆီလူး ၊ ဟုတ်မဟုတ် သေချာ မသိသေးပေမယ့် ၊ ဟုတ်ဖို့ကတော့ ၉၀% သေချာ နေပြီ ဆိုတဲ့ ဒီပုံလေးတွေပဲ ကြည့်ပြီး ဘေးထိုင်ဘုပြော ၊ ဘဘတို့ အလုပ်လုပ်ရင်းနဲ့ပဲ ….. 😛 😀

Source: Android Authority, Slashleaks

Leave a Reply

Your email address will not be published. Required fields are marked *