Note 7 တကျော့ပြန်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သေတော့ မသေချာဘူးဗျ။ သတင်းထွက်တာက Note 7 ကို စျေးကွက် ပြန်တင်မလို့တဲ့ ….

ဒီတိုင်းကြီးတော့ မဟုတ်ဘူးလေဗျာ …. Refurbished Note 7 ပေါ့။ တလောက Samsung က Note 7 ဘာကြောင့် မီးလောင်ရ သလဲ ဆိုတာ သူတို့ သိပြီ လို့ ကြေငြာ မောင်းခတ် ခဲ့တာ မှတ်မိတယ်… ဟုတ်…

သဘောကတော့ သူတို့ အနေနဲ့ ဘာကြောင့်မီးလောင် ရသလဲ ဆိုတာ သိပြီးပြီ ဆိုတော့ ပြသနာ ကို ရှင်းထုတ်ပြီး လက်ရှိသိမ်းထားတဲ့ Note 7 တွေကို စျေးကွက် ရဲရဲကြီး ပြန်ဖြန့် ရဲတယ် ဆိုတဲ့ သဘောပေါ့ဗျာ ….

သတင်းတွေ အရတော့ အကယ်၍ ပြန်ဖြန့်ဖြစ်မယ် ဆိုရင် အိန္ဒိယ နဲ့ ဗီယက်နမ် နိုင်ငံတွေကို ဦးတည်ပြီး ဖြန့်မယ် ၊ refurbish တုုိ့ရဲ့ ထုံးစံ အတိုင်း အပြင်ခွံ အသစ်လဲမယ် ၊ အဲ့ … အပြင်ခွံ လဲ တဲ့ နေရာမှာ SPen အတွက် နေရာကို ဖြုတ်ပစ် ၊ SPen မပါတဲ့ Note ဖုန်း အနေနဲ့ ပုံစံ ပြောင်းမယ် ဆိုတဲ့ သတင်းလည်း ရှိသလို ၊ မီးလောင် တဲ့ ကိစ္စ ပို သေချာစေဖို့ ၊ ဘက်ထရီကို 3000 ~ 3200 mAh အဖြစ် ဝိတ်လျော့ မယ် ဆိုတဲ့ သတင်းလည်း ထုတ်သေးတယ်ဗျ

မပြောတတ်ဘူးလေ … သတင်းက အမှန် ဖြစ်မယ် မဖြစ်မယ်တော့ … ၊ အမှန်သာ ဖြစ်ကြေးဆိုရင်တော့ ဂိုဒေါင်ထဲမှာ မရောင်းရပဲ သိမ်းထားရတဲ့ Note 7 cover လေးတွေတော့ ပြန်ပွဲထုတ်ရချည်သေး … ဟက်ဟက် 😛 😀

Source: RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *