Note 8, the “Great”

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီ တစ်ပတ်ကတော့ Sammy ဖက်ပဲ လှည့်လှည့် ထု သလိုတော့ ဖြစ်နေပြီ။ 😛 😀

Samsung က Note 7 ကို စိတ်နာပြီး သကာလ ၊ Note 8 ကိုလည်း မထုတ်မဖြစ်ပြန် ၊ ဆက်ထုတ်ရဦးမလေတော့ …. တစ်နှစ်ကျလို့ တစ်ပတ်လည် မကြာခင် Note 8 ကို တွေ့ကြရဦးမှာတော့ အသေအချာပါ။

လောလောဆယ် သတင်းထွက်တာကတော့ Samsung က Note 8 ကို codename “Great” လို့ပေးပြီး လှုပ်ရှားနေပြီတဲ့ ခင်ဗျ။

Model no. ကိုလည်း SM-N950F လို့ ပေးမယ်လို့ ဆိုပါတယ်။ Note 7 ရဲ့ နံပါတ်က SM-N930F ဖြစ်ပြီး ၊ Note 8 မှာ 940 မလာရခြင်း အကြောင်းက four ဆိုတဲ့ ဂဏန်းက ကိုးရီးယားမှာ unlucky မို့လိုပါတဲ့ ..

Note 7 က N940 မဟုတ်တာပဲ တော်သေးတာပေါ့ လို့ ပြောရမယ် ၊ မဟုတ်ရင် ပေါက်ကွဲမှုတွေ ဒီထက်ပိုပြီး ပြင်းထန်ဦးလေမလား … ဟက်ဟက် … 😛 😀

လောလောဆယ်တော့ ဒီလောက်ပဲ သိရသေးတယ်ဗျ။ အလုံးအထည်တော့ မတွေ့ရသေးဘူးရယ်။ Note 7 ကို refurbish ပြန်လုပ်ပြီးရောင်းမယ် ဆိုတာလည်း ခုထိတော့ အကောင်အထည် မဖော်ဖြစ်သေးဘူး ထင်ပါ့။

Samsung က မီးလောင်ရခြင်းကိုလည်း အဖြေရှာတွေ့ပြီး S8 ကလည်း အလန်းစား ဖြစ်မယ် ဆိုရင်တော့ Note 8 ထွက်လာရင် ရဲရဲကြီး ပြန်ကိုင်လို့ ရလောက်ပါပြီဗျ ၊ နော် … 😀 🙂

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *