ဒီမှာ retro အစစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ ဘယ့်နယ်ရှိစ …

နည်းပညာ လောကမှာတော့ ကောလဟာလထွက်ပြီဆိုရင် … ဗေဒင်မမေးနဲ့ အမှန်ဖြစ်ပြီပဲ။ Nokia က ၂၀၀၀ ခုနှစ်တုန်းက နာမည်ကျော်ကြား လူကြိုက်များ ၊ မြန်မာ ပြည်မှာဆိုရင် ခါးမှာ အိတ်လေးတွေနဲ့ ချိတ်ပြီး လူလုံးပြခဲ့ရတဲ့ 3310 ကို ပြန်ထုတ်မယ်ဆိုတော့ လှောင်တယ် … ဟုတ် ?? ဂုု .. ဂယ်ကြီးကို ထုတ်လာပြီ။

ပြန်ထုတ်လာပေမယ့် ၊ အရင်တုန်းကလို ပုံတုံးလေး မဟုတ်ဘူး ၊ အလန်းလေးဗျ။ မော်ဒယ်လေး မဟုတ်သည့်တိုင် ၊ မယ်မြန်မာဆိုပါတော့ … ဟက်ဟက် 😛 😀

Smartphone လားလို့တော့ လာမမေးနဲ့ လေ .. တွေ့တယ်မလား ၊ keypad ။ အိမ်မှာ ကလေးတွေ ရှိရင် ပြန်ပြောပြလို့ ရတာပေါ့။ ဦးတို့ အလုပ်စဝင်တုန်းက မိုဘိုင်းဖုန်းဆိုုတာ သိန်း ၅၀ ၊ ကိုင်ရင် ဒီလို နံပါတ်တွေပဲ နှိပ်ပြီး လူရှေ့ ထွက်ထွက် စကား ပြောခဲ့ရတာလို့ … လိုင်းမှ သေချာ မမိတာကိုး 😛 😀 ပျော်စေ ၊ ပျက်စေ

သွားမလုပ်နဲ့ ဆရာ ၊ သူလည်း အရင် က 3310 လိုပဲ ၊ တခါအားသွင်းပြီးရင် ၁ လ လောက်ခံမှာ။ ဟုတ်တယ် ၊ ၁ လ ၊ သုံးပေတော့ပဲ။ Talk time က ၂၂ နာရီ ရမယ်။ ရေလည်ဆွဲပဲ။

အရင်တုန်းက ထွက်ခဲတဲ့ ခဲရောင် ခေါ်မလား ၊ နက်ပြာရောင် ခေါ်မလား ၊ အဲ့ အရောင် ပါမယ် ၊ ခုခေတ်မှာ style နဲ့သုံးလို့ရဖို့ အနီတောက်တောက်လေး ၊ အဝါ တောက်တောက်လေးလဲ ပါပါ့။

ဒါက အရင်က ထွက်ခဲ့တဲ့ 3310 နဲ့ အခု သူ့ သား ၊ သမီးလေး တွေ ဆိုပါတော့

စျေးက ဒေါ်လာ ၅၀ ဝန်းကျင်ပဲ ဆိုတော့ အပျော်ကိုင်မယ် ဆိုရင်လည်း ကိုင်ပျော်တာပါပဲလေ။ ကျွန်တော်ကတော့ သင်္ကြန်ပိတ်ရက်လေး ဘာလေး ခရီးသွားရင် ဖေ့ဘွတ်တို့ ၊ တွစ်တာ တို့ ကောင်းကောင်း အဆက်ဖြတ်ရအောင် ဒီ 3310 လေးထဲပဲ SIM card ပြောင်းထည့်သွားရရင် ကောင်းမလား … စိတ်ကူး ယဉ်ကြည့်သေး .. 😛 😀

အော် … အရင် 3310 မှာ Snake ဂိမ်း ရူးရူးမူးမူး ကစားတယ် ဆိုရင် ၊ အခု 3310 မှာလည်း ပါပါ့။ ပိုခေတ်မှီပြီး ထောင့်ဖြတ်တောင် Snake လို့ ရသေးတယ်ဆိုပဲ။ အရင်ကတည်းက Snake ခဲ့တဲ့ ဂုရု တွေကတော့ အရင် Snake က ပိုကောင်းတယ် ပြောကြတာပါပဲလေ…

ဘာရယ် ၊ ညာရယ် မဟုတ်ပါဘူး။ ပုံတွေ ကြည့်ရတာ အပျော်ပေါ့ … 😛 😀

Source: CNet

Leave a Reply

Your email address will not be published. Required fields are marked *