Mi 6 တဲ့ ဆြာ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

Xiaomi fan တွေ အတွက်တော့ ကြိုက်စရာ တစ်ခု တိုးဦးမယ့် ကိန်းပဲ ၊ Mi 6 နဲ့ Mi 6 Pro တဲ့ ၊ တရုတ်နိုင်ငံဖက်ကနေ သတင်း က leak ဖြစ်လာတာပါ။

Mi 6 က 4GB RAM ပါမယ် ၊ flat screen ။ Mi 6 Pro က 6GB RAM ပါမယ် ၊ S7 Edge လို curved screen လေး ဆိုပဲ။

သတင်းတွေ အရတော့ ၂ မျိုးလုံးမှာ Snapdragon 835 processor သုံးထားမယ် ၊ Quick Charge 4 နည်းပညာ ပါမယ်။ Fingerprint sensor က အရှေ့ဖက်မှာ ၊ ဘက်ထရီက 4,000mAh။ စျေးက Mi 6 ကို 288 ၊ Mi 6 Pro ကို 360 ဒေါ်လာ လို့ လောလောဆယ် သိရကြောင်းပါ။

ကောလဟာလက လောလောဆယ်တော့ ဆား မပါသေးတာမို့ ၊ သေချာအောင်တော့ စောင့်ရမယ့် သဘော ရှိသော်ငြားလည်း ၊ Xiaomi ကလည်း တကယ် ချပြရင် ရှေ့လ လောက်ဆိုတော့ကား ၊ သိပ်တော့ မကြာတော့ ပါဘူးလေဗျ … နော … 😀 🙂

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *