ဟောဒီမှာ G6

~~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ …. Samsung ရဲ့ S8 က နောက်မှ ထွက်ပါရစေ ဆိုတော့ LG ရဲ့ G6 က လောလောဆယ် ပျော်ပြီပေါ့ …

LG ရဲ့ G6 အသစ် ၊ ပြီးခဲ့တဲ့ အပတ်က လူသိရှင်ကြား အမှန်တကယ် ချပြသွားပြီဗျ။

ပြီးခဲ့တဲ့ နှစ်က ထုတ်ခဲ့တဲ့ G5 က ၊ ဟိုဖြုတ် ၊ ဒီတပ် ၊ လိုအပ်သလို ဖြုတ်လိုက် တပ်လိုက် လုပ်လို့ရမယ် ဆိုတော့ ကြားကြားခြင်းတော့ စိတ်ဝင်စားစရာ။ လက်တွေ့မှာတော့ စိတ်ပဲ ဝင်စားကြပြီး ၊ ဖြုတ်လိုက်တပ်လိုက် လုပ်သူက နည်းတယ်ထင်ပါ့ ၊ ဒီ နှစ်တော့ LG G6 ကို ဖုန်းဆိုမှ ဖုန်း ၊ ကျစ်လစ် သပ်ရပ် ဒီဇိုင်းနဲ့ ပြန်မိတ်ဆက်လာတယ် ခင်ဗျ။

ဖြုတ်လို့ရတဲ့ ဘက်ထရီရယ် ၊ အပေါစားလို့ သူများပြောတဲ့ ပလတ်စတစ် နောက်ဖုံးရယ်ကို လက်ပြ နှုတ်ဆက်ပြီး Samsung ရဲ့ high end ဖုန်းတွေလိုပဲ တောက်ပြောင်တဲ့ glass ၊ ခိုင်ခန့်တဲ့ metal နဲ့ G6 ဖြစ်လာပါပြီ။ နောက်က ကြည့်ရင် S7 နဲ့ ဆင်ဆင် တူပေမယ့် ၊ ကိုင်ကြည့်ရင်တော့ G6 ရဲ့ metal frame က ပိုထူပြီး S7 ထက် ကိုင်ရတာ ပိုကျစ်လစ်တယ်လို့ ၊ သွားကိုင်ခွင့် ရခဲ့တဲ့ အနောက်ကမ္ဘာက ဆြာတွက တော့ ရေးကြလေရဲ့ ….

၂၀၁၇ ရဲ့ trend အတိုင်း ဘောင်ပျောက် သလောက်ဖြစ်လာပြီး ၊ camera လည်း အတော့်ကို ကောင်းမွန်လာ ပါတယ်။ ကင်မရာက ရှေ့ အတွက် 5 megapixel ကိုမှ လိုရင် သုံးဖို့ wide angle view ပါလာပြီး ၊ 100 degree field of view wide angle shot ရိုက်ပေးနိုင်မှာပါ။ နောက်ကင်မရာကတော့ 13 megapixel ၂ လုံး ပါလာပြီး ၊ ၁ လုံးက wide angle 125 degree field of view နဲ့ပါ။ ဒါကြောင့် လူအုပ်ကြီးနဲ့ selfie ဆွဲမယ်ဆိုလည်း အိုကေ ၊ ရူခင်းလေးတွေ ရိုက်ပြီး Instagram ပေါ်တင်မယ် ဆိုလည်း အိုုကေပေါ့။

ဒါနဲ့ တလောက ထွက်ထားတဲ့ သတင်းအရ ၊ ဒီ G6 က square mode ဆိုလား ပါမှာ မို့ ၊ screen ကို တိတိကျကျ ၊ နှစ်ခြမ်းခွဲပြီး တစ်ဖက်မှာ gallery ထဲက ပုံတွေကြည့် ၊ တစ်ဖက်က Instagram မှာ filter တွေ ထည့် စတဲ့ ကြီးကြယ်ခန်းနားတဲ့ multitasking တွေလည်း လုပ်နိုင်မယ် လို့ ဆိုထားလေရဲ့ … ဟက်ဟက် 😛 😀

Screen ဆိုလို့ ၊ ဒီ ဖုန်းက ထူးထူးခြားခြား 18:9 ratio ကို သုံးထားတယ်လို့ ဆိုတယ်ဗျ။ ဒါဟာ ဖုန်းက ဒီလောက် မကြီးသည့်တိုင် ၊ ၅.၇ လက်မ screen ကို ခံစားနိုင်တဲ့ ခေတ်သစ် နည်းပညာ ဆိုပဲ။ ကိုယ်တိုင်သွားစမ်တဲ့ Digital Trends က ဆြာလား ၊ ဆြာမလား သူကတော့ ၊ မှန်တယ် ၊ 18:9 ကြောင့် ဖုန်းက လက်ထဲမှာ Phablet လို ဟဲဗီးလုပ်တ် မဟုတ်ပဲ ၊ screen ကြီးကြီးကို ခံစားနိုင်တယ်တဲ့…. ဒါကတော့ အသစ်ပေါ့

ဒီလို လုပ်လိုက်လို့ တချို့ app တွေ အနေနဲ့ 18.9 screen ratio မှာ အဆင်မပြေပဲ screen အပေါ်အောက်မှာ ပေါ်နေတဲ့ အမဲရောင် bar ကိုတော့ သည်းခံရမယ့် သဘောရှိပြန်ရောဗျ။ LG ကတော့ နောက်ပိုင်းမှာ app တွေ auto adjust ဖြစ်သွားမယ်ဆိုတာလည်း ပြောသလို၊ ဖုန်းထုတ်သူတွေ အနေနဲ့ ဖုန်းအရွယ်သေးသေးမှာ screen ကြီးကြီး ခံစားရဖို့ အတွက် အားလုံး 18.9 ratio ကိုလိုက်သုံးကြမယ်လို့ LG က ဟောကိန်း ထုတ်ပါတယ်။ ဒါကတော့ LG တို့ Samsung တို့က TV တို့ screen တို့မှာ ဆရာတွေ ဆိုတော့ သူတို့ မှန်းတာ မှားမယ် မထင်ဘူးလေဗျာ။ နော် …

ထူးခြားပြောင်မြောင်ဆိုလို့ LG G6 က S7 တို့ iPhone တို့လိုပဲ ရေစိုခံတယ်။ IP68 rating မို့ ၅ ပေ အနက်မှာ မိနစ် ၃၀ မြုပ်ထားတမ်း ကစားမယ်ဆိုလည်း ရမယ် ဆိုပေမယ့် ၊ G6 ကတော့ ကမ်းခြေမှာ အပျော်လွန်ပြီး လှိုင်းလုံးတွေကြားထဲ မြုပ်ထားမယ်ဆိုရင်လည်း မိနစ် ၃၀ အတွင်း ပြန်ရှာတွေ့ သရွေ့တော့ သစ်လွင်တောက်ပနေတဲ့ G6 ကို ပြန်သုံးလို့ ရပါမယ်ဗျာ။

LG က ရေစိုခံကိုမှ salt water အတွက်ပါ အာမခံ တယ်ဆိုပေမယ့် ၊ နည်းပညာ ပေါက်ကြားမှာ စိုးလို့ပဲလား မသိ ၊ Apple လို presentation တွေ ဘာတွေ လုပ်ပြီး အကျယ်တဝန့် တွေ လုပ်ပြမနေပဲ ၊ ရေငုံနှုတ်ပိတ်နေလေရဲ့ …

Specification အနေနဲ့ တော့ 5.7 inch Quad HD screen, Snapdragon 821 processor, 4GB RAM, အခုခေတ်ဆိုရင် နည်းတယ်လို့ ပြောလို့ရတဲ့ 32GB storage, MicroSD card slot တို့ ပါပါတယ်။

သတင်းတွေ အရ US မှာရောင်းမယ့် အလုံးတွေက wireless charging ပါမယ်။ Asia အလုံးတွေက Hi Fi DAC (high-resolution audio) ပါမယ် ၊ Europe မှာရောင်းမှာက စပ်ကူးမတ်ကူး ဘာမှ မပါဘူး လို့ ပြောလေတော့ မြန်မာပြည်မှာတော့ ဘာပါလာမယ် မသိ… 😛 😀

စျေးကတော့ ဒေါ်လာ ၆၅၀ – ၈၅၀ ဝန်းကျင် ရှိမယ် မှန်းကြပါတယ်လေ။ အကယ်၍များ ၊ ပန်းသီးနဲ့ Sammy ကြား ရိုးနေပြီ ဆိုရင်တော့ LG လေး ပြောင်းသုံး လို့ရပါကြောင်း 😀 🙂

Source: Digital Trends, Android Authority,

Leave a Reply

Your email address will not be published. Required fields are marked *