သူပြန်လာမှာလား

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

မေးစမ်းကြည့်ဦးမယ်…

ဟိုးးးးးး GMS ခေတ်ဦးတုန်း ၊ နံပါတ်လေး တီတီတီ နှိပ် ၊ ပြုကျလည်းမှန်မကွဲ ၊ တစ်ခါ အားသွင်းပြီးရင် တစ်သက်လုံးပြော ၊ ခါးမှာ leather အိတ်လေးနဲ့ ချိတ်ထားပြီးမှ အပြင် ထွက်ရတဲ့ … ဟောဒီ Nokia ဖုန်းလေးကို မှီတယ် ဆိုရင် … 3310 လေးရဲ့ စွမ်းဆောင်ရည်က ဟိုးဖက်ကမ်းထိရောက်တယ် ၊ မှန်သလား ၊ မမှန်ပေဘူးလား ???

အိန်းးးး ကောင်းလေစွ ၊ ကောင်းလေစွ ၊ အသစ်တွေ ဘယ်လောက် ကောင်းကောင်း ၊ အဟောင်းတွေ တဝဲလည်လည် … အခု အဲ့ Nokia ကို ပြန် အသက်သွင်းမလို့ ဆိုပဲဗျ …

သတင်းက တကယ် အမှန်ဆိုရင် ဖေဖော်ဝါရီလ လကုန်ဆိုရင် ဘယ်လို အသစ်အဆန်းတွေ ထည့်ပြီး ဘယ်လို ထုတ်မယ်ဆိုတဲ့ ပုံစံတောင် တွေ့ရတော့မှာတဲ့။ ကဲ … ဘယ်လိုလဲ .. touch phone လား ၊ keypad လေး ပြန်လှည့်မလား .. social network တွေနဲ့ ကျင်လည်ရတဲ့ ဘဝကို စိတ်ကုန်ပြီ ဆိုရင်လည်း back to basic, Nokia လေး ပြန်ကိုင်ပေါ့ … တီတီတီတီ နဲ့ နံပါတ်လေး နှိပ်ပြီး ဖုန်း ခေါ်ရတာ ပြောစရာ ၊ ဒါမှ ဖုန်းက ဖုန်း အလုပ်လုပ်တယ် ပြောရမှာ မလား … ဟက်ဟက် …. ပျော်စေ ပျက်စေ 😛 😀

Leave a Reply

Your email address will not be published. Required fields are marked *