S7 အရောင်အသစ် လာလေမလား

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

သတင်းကတော့ ခပ်ဆန်းဆန်းရယ်ဗျ ၊ ပုံမှန်အားဖြင့် ဖုန်းအရောင်အသစ် ဆိုတာမျိုးက ဖုန်းမော်ဒယ် အသစ် ထုတ်မှ ပါလာတတ်တာမျိုမလားဗျ။ ဂုတော့ တစ်မျိုး …

Samsung က S7 ကို အနက်ရောင် တစ်မျိုးလေး ထပ်ထုတ်မယ်ဆိုလား ၊ iPhone ရဲ့ Jet Black လိုမျိုးလို့ ပြောရင် စိတ်ဆိုးကြမလား မသိ 😛 😀

s7-new-color

ပြောလို့ပြောတာ မဟုတ်ဘူးဗျ S7 ရဲ့ အခုလက်ရှိ အနက်ရောင်ကလည်း Jet မ Black သည့်တိုင် ၊ အတော်ကိုတော့ ပြောင်နေပြီးသား ဖြစ်နေလေတော့ ၊ အနက်ရောင် အသစ်က Note 7 မှာ ပါခဲ့တဲ့ အနက်ရောင်လိုမျိုး ၊ black metal frame လေးနဲ့ ဖြစ်လေမလား ဆိုပြီး အနောက်ကမ္ဘာက ဆြာတွေက မှန်းဆော်နေကြလေရဲ့ဗျ။

ထုတ်ဖြစ်ရင်တော့ holiday season အမှီလေး ထုတ်မှပဲ အိုကေမယ့် သဘောရှိပါတယ်။ ပြီးတော့ ရှိသေးတယ်ဗျ။ Reutures က Poll လေး တစ်ခု လုပ်တယ် ။ အဲ့ဒီမှာ ဖုန်းအသစ်ဝယ်ရင် ဘယ်ဖုန်းဝယ်မလဲ ဆိုတဲ့ မေးခွန်းတွေမှာ Note 7 ကပ်ဆိုက်တာကို သိပြီးသားသူတွေ ရဲ့ ၂၇% က နောက်ဖုန်း အသစ်လဲရင်လည်း Samsung ပဲ လဲမယ်လို့ ဖြေကြသလို ၊ ဒါနဲ့ နေပါအုံး … Note 7 က ဘာတွေ ဖြစ်သွားလို့လဲလို့ မေးမယ့် Note 7 အကြောင်း ဘာဆို ဘာမှ မသိ သူတွေရဲ့ ၂၅% ကလည်း Samsung ပဲ လဲမယ်လို့ ဖြေကြပါတယ်တဲ့ဗျာ … Sammy ပရိသတ်တွေလည်း မခေဘူးဗျ … နော .. ဟက် … ဟက် …

Source: 9to5Google

Leave a Reply

Your email address will not be published. Required fields are marked *