iPhone အသစ္သာဆို ….

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

မကွယ်မဝှက် ၊ အမှန်တိုင်း ပြောကြကြေး ဆိုရင် ၊ လက်ရှိ iPhone 7 က ၊ ရှေ့နောက် glass ကို ဘေးဖက်က အလူမီနီယံဘောင်လေးနဲ့ ထိန်းထားတဲ့ iPhone 4 ရဲ့ ဒီဇိုင်းကို မမှီဘူး … ဟုတ် ???

အဲ့လိုသာ ထင်တယ်ဆို high five … 😛 😀

အခုလပိုင်း ၊ အတော်ခိုင်မာနေတဲ့ ကောလဟာလက iPhone အသစ်ကျရင် ရှေ့ ၊ နောက် glass pane ကို steel နဲ့ ထိန်းထားတဲ့ အလန်းလေး ထွက်မယ်ဆိုပဲဗျ။ ဟိုလိုလို ၊ ဒီလိုလို နဲ့ ဒီ ကောလဟာလက အတော်ကို တာသွားတာမို့ ၊ အနောက် ကမ္ဘာက ဆြာကြီးတွေက ဒီလိုလေး render လုပ်ထားလေရဲ့ ….

ဒီ material ကိစ္စအပြင် ၊ Apple က iPhone အသစ်ကျရင် physical home button ကို ဖြုတ်ပစ်ပြီး ၊ home button လေးကို screen အောက်မြုပ်ပစ်မယ် လို့ အကျက်မညီသေးတဲ့ ကောလဟာလလေးကလည်း ရှိလေတော့ ၊ အကယ်၍သာ home button လေးမရှိတော့လို့ ၊ screen က အထက်အောက် ၊ အပြည့်သာ ဖြစ်သွားမယ်ဆိုရင် ၊ ဒီပုံထဲက ကိစ္စမျိုးတွေလည်း ဖြစ်လာ နိုင်သေးတာကိုး …. 😛 😀

ဘယ်လို ဖြစ်လာမလဲမသိပေမယ့် ၊ ၂၀၁၇ နှစ်မှာ iPhone ဒီဇိုင်း အလန်းအဆန်း မဖြစ်လာရင် ၊ ဝိုင်ဆော်အော ကြမယ့် သူတွေကိုတော့ မြင်ယောင်မိသား …. 😛 😀 ကိုယ်တွေကတော့ လောလောဆယ် ဘိုင်ဌေး ဘေးထိုင် ၊ ထွက်လာတဲ့ သို့လော သို့လော တွေကို ပြန်သတင်းပို့ပေးရုံ သက်သက်သာ … ဟက်ဟက် …

[youtube video_id=”https://youtu.be/ECF4A_1543Q” width=”0″ height=”0″ ]

Source: Mashable
Concept Design: Imran Taylor

Leave a Reply

Your email address will not be published. Required fields are marked *