iPhone 8 သာဆို …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အဟမ်း … မရေရာ ၊ မသေချာပေမယ့် ၊ တကယ်ဖြစ်လာရင်တော့ လှတ ၊ ပတလေး မြင်ရဦးမယ့် သတင်းလေး တစ်ပုဒ်က ဒီလိုဗျ …

2017 က iPhone အတွက် ၁၀ နှစ် ပြည့်တဲ့နှစ် ၊ ဒီ နှစ်မှာမှ iPhone အသစ်ဆိုတာ တကယ့် အသစ်နဲ့ တူအောင် မချပြရင် ၊ iPhone ကတော့ ရေစုန်မျောတော့ မလိုလို ဆိုတော့ကား … iPhone 8 ဆိုလား ကိုယ့်ဟာကိုယ် နာမည် ပေးထားတဲ့ ဖုန်း အသစ်ရဲ့ သတင်းကလည်း အတော်ကြီးစိုးတာဗျ

၁၀ နှစ်ပြည့် iPhone အသစ်က ဒေါ်လာ ၁၀၀၀ ကျော် ဖြစ်မယ်ဆိုတဲ့ သတင်းတော့ ကြားပြီးပြီး ၊ ဟုတ် …

အဲ့ဒီ ၁၀၀၀ ကျော်ဖုန်းက screen အပြည့် ဖြစ်မယ် ၊ ဘာညာ သတင်းတွေ ထွက်ထားပြီး ဒီ တစ်ပတ် ထပ်ထွက်လာပြန်တာက screen က အပြည့်တော့ အပြည့်ရယ် ၊ သို့ပေမယ့် အပြည့် မဟုတ်ဘူး ဆိုပဲ …

အော် .. ဒီလိုလေ ၊ screen ရဲ့ အောက်ချေကို fingerprint reader ထားရမယ်မလား ၊ ဒါကြောင့် iPhone အသစ်မှာ home button က မှန်အောက် ရောက်သွားမယ် ဆိုပေမယ့် ၊ အဲ့ဒီ မှန်နေရာ က သုံးလို့ မရပဲ function aread ဖြစ်မယ် ဆိုပြီ ဒီလို blueprint တစ်ခု leak ဖြစ်လာပြန်ရော …

အလွတ်ထားတာတော့ ထားပေါ့ ၊ Android ဖုန်းတွေမှာကျတော့ back button လေးရယ် ၊ setting လေးရယ် ရှိတော့ home button ဘေးက နေရာက အလဟသ မဖြစ်ဘူး ရယ် ၊ iPhone မှာက ဘာတွေ ပါလာမလဲ မသိ… back button လေး ဆိုရင် ကြိုက်တော့ ကြိုက်ကြမှာ သေချာသလောက် ရှိပေမယ့် … Android ဆီက ယူတယ်လို့ အပြောကလည်း ခံလို့ မဖြစ်လေတော့ … ဟက်ဟက် … 😛 😀

ပြောလိုု့ ပြောတာပါလေ ၊ ဒီ blueprint ကလည်း အမှန်လို့ ယူဆလို့မှ မရသေးတာကိုး …

ဒေါ်လာ ၁၀၀၀ ကျော် iPhone က စျေးက မတန်ပါ့ ဆိုရင်လည်း ၊ ဒီ နှစ် iPhone က 4.7 လက်မရယ် ၊ ၅.၅ လက်မရယ် က အရင်အတိုင်းပဲ ၊ လက်ရှိ ဒီဇိုင်းကို သနပ်ခါး လိမ်းပြီး ထုတ်မယ် ၊ ၁၀ နှစ်ပြည့်လေး မှ ဒေါ်လာ ၁၀၀၀ ကျော်လေးနဲ့ ရိတ်မယ် ဆိုတဲ့ သတင်းကလည်း ရှိသေး သဗျ။

Screen အပြည့် iPhone က အောက်ဖက်မှာ function area ပေးလိုက်ရလို့ နေရာယူသွားပေမယ့် ၊ သုံးလို့ရတဲ့ နေရာကတော့ 4.7 inch iPhone လောက်တော့ ကျန်ဦးမယ်ဆိုပဲ … ဒါလည်း မှန်းကြတာပဲလေ …

ဒီ သတင်းနဲ့ ဆန့်ကျင်ဖက်လိုု့ ပြောလို့ ရတဲ့ သတင်း တစ်ပုဒ်လည်း ထွက်သေး ၊ သူကျ iPhone အသစ်မှာ fingerprint – Touch ID ကို လုံးလုံးဖြုတ်လိုက်ပြီး 3D laser sensor နဲ့ Facial Recognition ပါမယ်တဲ့။ အဲ့လိုသာ ဖြုတ်ကြေး ဆိုရင်တော့ အပေါ်မှာ ကြီးကြီးကျယ်ကျယ်တွေ လေ ျှာက်ရေးထားတဲ့ function area ဆိုတာလည်း မလိုတော့ပဲ ၊ အမှန်တကယ်ကြီးကို screen အပြည့် ပါတဲ့ ဖုနး် ဖြစ်ရော ပေါ့ …

ဘာတွေမှန်းတော့ မသိဘူးဗျ။ သတင်းတွေကတော့ အမျိုးမျိုးပဲ ၊ လောလောဆယ်တော့ ဟိုတစ်စ ဒီတစ်စ သတင်းတွေ လေ ျှာက်ဖတ်ရင်းပဲ ဘေးထိုင် ဘုပြော ရတာပေါ့ … 😛 😀

Source: Mashable, Redmondpie

Leave a Reply

Your email address will not be published. Required fields are marked *