ပွန်းကုန်လို့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အဟမ်း …. ရေးပြီဆို ၊ မဟုတ် ၊ မဟပ်တွေက စပြီ လို့ ပြောရင်လည်း ၊ ခံဦးပေါ့ …

ကွန်ယက်ပေါ် ဟို တစ်စ ၊ ဒီ တစ်စ ပျံ့လာတဲ့ သတင်းတွေက iPhone 7 – 7 Plus matte black ဖုန်းတွေ ဆေးတွေ ပွန်းကုန် ၊ ကွာကုန်လို့ ဆိုပဲဗျ။

ဖြစ်ပုံကတော့ ပုံထဲက အတိုင်း speaker နေရာမှာ ကွာကုန်တာ များတယ် ၊ နောက် တချို့ ကျတော့ အောက်ပုံလို volume rocker button တွေနားမှာ ကွာတယ် ..

ဆိုးဆိုးဝါးဝါး တချို့ကျ နောက်ဖက်မှာပါ ကွာကုန်ရောဗျ …

ဒါကို ဓာတုဗေဒ လေ့လာသူ ဆြာကြီးများကတော့ iPhone matte black အတွက် Apple က သုံးထားတဲ့ anodized coating က အချို့သော iPhone user တွေရဲ့ လက်ကထွက်တဲ့ ဆီ နဲ့ ဓာတ်မတည့်တာကြောင့် ဒီလို ဖြစ်တယ် ဆိုပဲဗျ။

ဒီလိုဆုုိတော့လည်း အပေါ်ပုံတွေနဲ့ နှိုင်းယှဉ် ကြည့်ရင် ဖြစ်ကောင်း ဖြစ်နိုင်တယ်ရော …. လက်သန်းလေး အမြဲထားတဲ့ speaker နား ၊ လက်ညိုးနဲ့ ညှစ်ထားတဲ့ volume rocker နား ၊ အားရပါးရ ကိုင်ကြတဲ့သူတွေ အတွက် လက်ဖဝါးနဲ့ ကပ်နေတဲ့ နောက်ကျောဖက် … စသဖြင့် ဆိုတော့ ၊ မှန်းချက်နဲ့ ကိုက်မယ့် သဘောတော့ ရှိပါတယ်လေ ၊ နော် …

ဝမ်းနည်းစရာကတော့ ဒါဟာ အသုံးပြုသူကြောင့် ဖြစ်တဲ့ wear and tear ကဏ္ဍ အောက်ကို ဝင်တဲ့ အတွက် ၊ Apple ရဲ့ warranty နဲ့ အကျုံုးမဝင်ဘူးလို့လည်း သိရပါတယ်။ ဒါကို မကျေနပ်တဲ့ သူတွေကဖြင့် … ကဲ.. လာ …. ဆန္ဒ ဖော်ထုတ်ကြမယ် ဆိုလို့ …. manufacturing defect ဖြစ်ကြောင်း သက်သေ ပြနိုင်မယ့် နည်းလမ်း ကို ရှာဖွေ စူးစမ်းလျက် ရှိကြောင်း ပါဗျာ

သတင်းတွေရှိလို့ သတင်းအတိုင်း ပြန်ဖောက်သည် ချရုံသက်သက်ပါလေ ၊ ကိုယ့်ရဲ့ iPhone လေး ဆေးမကွာရင်တော့ မကွာဘူးမှတ်ပေါ့ … ဟက်ဟက် … 😛 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *