iPhone 6 Plus က touch disease ဆိုပဲဗ်

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

လူတွေကလည်း ကြံကြံဖန်ဖန် ၊ နာမည် အဆန်းတွေ ပေးတတ်တယ် ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က iPhone 6 ကို ဘောင်းဘီအိတ်ထဲ ထည့်တာများလို့ ကောက်သွားတာကျ Bendgate ၊ အခု 6 Plus မှာ ဖလပ်ဖလပ် ဖြစ်တာကျ Touch Disease တဲ့ … အမျိုးမျိုး …

ဒီလိုဗျ ၊ ပြီးခဲ့တဲ့ အပတ်ကစပြီး အနောက်ကမ္ဘာဖက်မှာ iPhone 6 Plus နဲ့ ပတ်သက်လို့ screen မှာ ဟိုတို့ ၊ ဒီတို့ အလုပ်မလုပ်တော့တာ ၊ screen ရဲ့ အပေါ်ဖက်မှာ မီးခိုးရောင်လိုင်း ပေါ်လာတာ ၊ screen က ဖလပ်ဖလပ် flicker ဖြစ်တာ စတာတွေ ကြုံလာကြတယ်ဗျ။ တစ်ယောက်မဟုတ် ၊ နှစ်ယောက်မဟုတ် ၊ အစုလိုက် အပြုံလိုက်ဖြစ်ပြီးတဲ့ နောက်မှာ Apple က ဒီ touch disese ကို လက်ခံလိုက်တယ်ခင်ဗျ။

blog-iphone-6-plus-screen-flickering

Apple ကတော့ ဒီလို ဖြစ်ရတာဟာ iPhone 6 Plus က မာရေ ၊ ကျောရေ ရှိတဲ့ မျက်နှာပြင်ပေါ်ကို အကြိမ်ပေါင်းများစွာ ပြုတ်ကျ ထားလို့ ဖြစ်တာပါလို့ ဆိုပေမယ့် ၊ ဖြစ်တဲ့ သူတိုင်းက ပြုတ်ကျတဲ့ အကြိမ်တွေပဲ တူပြီး အခုမှ ပြိုင်တူ ထပျက်သလိုလို … ဟက်ဟက် … 😛 😀 ရှိစေတော့ …

ဂု Apple က အဲ့လို touch disease ဖြစ်ရင် ယူလာပါ ၊ ၁၄၉ ဒေါ်လာနဲ့ ပြင်ပေးပါမယ်တဲ့ ၊ မှတ်ရော …

ကြည့်ရတာ အရင်က ဒီထက် ဈေးကြီးတဲ့ ပုံပဲဗျ။ Apple က သတင်းထုတ်ထားတာတော့ အရင်က ပြင်ထားသူတွေကို ပြန်ဆက်သွယ်ပြီး ပိုယူထားတဲ့ ပိုက်ဆံတွေ ပြန်ပေးဖို့ ပြင်ဆင်နေပါတယ်ဆိုတော့ကား …

iPhone 6 Plus သုံးတယ် screen ပေါ်မှာ လိုင်း (လိုင်းကလည်း အပေါ်ပုံထဲမှာသာကြည့် ၊ ခပ်သေးသေးပဲ) ပေါ်ပြီ ၊ touch က လည်း သိပ်အလုပ်မလုပ်ချင်တော့ဘူး ဆိုရင်တော့ Touch Disease ကိုက်ပြီဗျို့ …. 🙂 😀

Source: 9to5Mac

Leave a Reply

Your email address will not be published. Required fields are marked *