10 နှစ်ပြည့် iPhone ဇာတ်လမ်း

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

စာလည်း မရေးတာကြာတော့ ၊ သတိပဲ ရနေကြမလား ၊ ဝမ်းပဲ သာနေကြမလား မပြောတတ် 😛 😀 ဒီနေ့တော့ iPhone ၁၀ နှစ်ပြည့် လေးနဲ့ တစ်ခေါက် ပြန်ဖွင့် ပါရစေဦး ခင်ဗျ။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၉ ရက် ( မြန်မာစံတော်ချိန်နဲ့ ၁၀ ရက်နေ့) မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ Apple CEO ဟောင်း Steve Jobs က ” ဟော ဒီမှာ … လူသားတွေ ကို ပြောင်းလဲ ပစ်မယ့် ဖုန်းအသစ်” လို့ ပဲ စိတ်ကူးယဉ်နဲ့ စာသား တွေ သွပ်သွင်းရင်လည်း သွပ်သွင်းလို့ ရတဲ့ iPhone ကို ပထမဆုံး ပြသခဲ့တာပါ။

အရင်က နံပါတ်လေးတွေနဲ့ တီတီတီ နှိပ်ရတဲ့ ဖုန်းတွေကနေ ၊ လက်ဖျားလေးနဲ့ ဟိုတို့ ၊ ဒီတို့ ၊ ဘော်ဒါတွေ စုံပြီ ဆိုရင် selfie တွေ ရိုက်တဲ့ ဖုန်းမျိုးကို စတင် လမ်းပြခဲ့တဲ့ iPhone ကို ချပြခဲ့တာ ၂၀၁၇ မှာ ၁၀ နှစ် ပြည့်ခဲ့ပါပြီဗျာ။ ၁၀ နှစ်ပြည့် အမှတ်တရ ၊ ဘာညာ ဆိုပါတော့ … Apple ထုတ်ခဲ့တဲ့ iPhone တွေကို စီကာပတ်ကုံး ပြန်ပြောင်း အောင်မေ့ရရင် …

iPhone (2007)


ဒါကတော့ ၂၀၀၇ ခုနှစ်မှာ ပထမဆုံး ချပြခဲ့တဲ့ iPhone ပါ။ နံပါတ် ခလုတ်လေးတွေ ပါတဲ့ ဖုန်းကနေ ၊ home button ၁ ခုပဲ ပါတဲ့ ဖုန်း အဖြစ် စတင်ဖြစ်ပေါ်လာတယ် ဆိုပါတော့ …

iPhone 3G (2008)


ဒီဖုန်းမှာ Apple က App Store ဆိုတာ စပြီးမိတ်ဆက်လာခဲ့တာပါ။ 3G data စတင်ချိတ်ဆက် အသုံးပြုနိုင်ပြီး push email နဲ့ GPS navigation တို့ ပါလာခဲ့တာပါ။

iPhone 3GS (2009)


S ဆိုတာ speed ကို ခေါ်တာ ဆိုတဲ့ ဒီ iPhone 3GS ကတော့ S model ကို Apple က ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဖုန်းပါ။ အရင် iPhone ထက် ၂ ဆ ပိုမြန်တာကြောင့် Speed လို့ ပါအောင် 3GS လို့ ခေါ်တာလို့ ပြောတဲ့ iPhone ဖြစ်ခဲ့ပါတယ်။

iPhone 4 (2010)


Stainless steel နဲ့ glass ကို ထည့်သွင်းတည်ဆောက်ထားတယ် ၊ လေးထောင့်ပုံကို လှမ်းလာတဲ့ ပထမဆုံး iPhone လို့ ဆိုရမှာပါ။ iPhone 4 ကို cover မပါပဲ လက်နဲ့ ကိုင်လိုက်ရင် antenna က shortcircuit ဖြစ်ပြီး လိုင်းပျောက်သွားတဲ့ flaw ရှိခဲ့လို့ Antennagate လို့ နာမည်တပ်ခံခဲ့ရတဲ့ ဖုန်းလည်း ဖြစ်ပါတယ်ဗျာ။

iPhone 4S (2011)


8 megapixel နောက်ကင်မရာ ပါလာတယ်။ Antennagate ကို ပြင်ဆင်လာတယ် ၊ စသဖြင့် တွေ ပါဝင်လာပေမယ့် ၊ ဖုန်းအသစ် ပြပြီး နောက်တစ်ရက်မှာ ပဲ Steve Jobs ကွယ်လွန်ခဲ့တဲ့ ဝမ်းနည်းစရာ သတင်း ကြီးစိုးခဲ့တဲ့ အချိန်ပါ။

iPhone 5 (2012)


4 inch screen, aluminium case ဖြစ်လာပြီး ၊ charging cable ကို ဘယ်ဖက် လှည့်ထိုးထိုး အဆင်ပြေတဲ့ Lightning connector ကို စတင် မိတ်ဆက်ခဲ့တဲ့ iPhone ပါ။

iPhone 5C (2013)


ဒါကတော့ ရောင်စုံဘောလုံး ၊ ကြိုက်ချင်စရာ ကောင်းပေမယ့် ၊ စျေးနှုန်းအရ စိတ်ဝင်စားဖို့ သိပ်မရှိတာကြောင့် ထင်တိုင်း မပေါက်ခဲ့တဲ့ iPhone ဖြစ်ခဲ့ပါတယ်။

iPhone 5S (2013)


လက်ဗွေနဲ့ ဟောသလို ၊ ဟောသလို Phone ကို unlock လုပ်လုုိ့ရတယ်လို့ လမ်းကြောင်း ချပြခဲ့တဲ့ ပထမဆုံး mobile phone ဖြစ်ခဲ့သလို ၊ ရွှေရောင် ထုတ်တာကြောင့် gangster တွေပဲ ရွှေရောင်ကြိုက်တယ် စသဖြင့် လှောင်ပြောင်ခဲ့ပေမယ့် ၊ နောက်ပုုိင်းမှာ ရွှေရောင် phone မှ မထုတ်ရင် ခေတ်မမှီတော့တဲ့ trend ကို ဖောက်ခဲ့တယ်လို့ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုလည်း ရတာပါပဲလေ

iPhone 6 – 6 Plus (2014)


ဒါကတော့ size ကြီး ဖုန်းတွေ ခေတ်မှာ size ကြီး iPhone ဆိုပြီး အမှီပြန်လိုက်ခဲ့ရတဲ့ iPhone ဖြစ်ခဲ့ပါတယ်။

iPhone 6s – 6s Plus (2015)


ဒါ နောက်တစ် S ၊ ဒီ S မှာ တင် Apple fan တွေ အတော် စိတ်ပျက်လာတယ်လို့ ပြောရင်လည်း မမှားဘူးပေါ့ … ဟက်…ဟက် 😛 😀

iPhone SE (2016)


iPhone အသစ်ကို ဒေါ်လာ ၄၀၀ လောက်နဲ့ ကိုင်လို့ ရမယ် ဆိုတဲ့ စျေးနှုန်းနဲ့ တဖန် ဆွဲဆောင် ၊ ၄ လက်မ screen နဲ့ အဆင်ပြေရင် သုံးပျော်တဲ့ iPhone SE ကိုလည်း Apple က ထူးထူးခြားခြား ထုတ်ခဲ့ ပြန်ပါသေးတယ်။

iPhone 7 (2016)


ဒါလေးကတော့ ဂု iPhone ပေါ့ …

Phew… မောပါ့ ။ နောက်ထပ် ဆက်ရေးဖို့တောင် အားမရှိ … လောလောလတ်လတ် သတင်းကတော့ iPhone ရောင်းအား စွမ်းဆောင်မှု အထူး ကျဆင်း နေတာကြောင့် Apple CEO Tim Cook ရဲ့ လစာကို ၁၅% လျော့ချထားကြောင်းပါဗျာ။

၂၀၀၇ က ပွဲလေး ပြန်ပြီး စမြန်ပြုတ် ချင်ရင်တော့ ဒီမှာ ရှုပါလေ့ဗျာ …
[youtube video_id=”9hUIxyE2Ns8″ width=”0″ height=”0″ ]

Source: The Verge, RedmondPie, CNN Money

Leave a Reply

Your email address will not be published. Required fields are marked *