တခြား 6s တွေမှာပါ ဖြစ်တယ်ဆိုလိုု့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone 6s ရဲ့ ဂယက်ကလည်း မသေးဘူးဗျ။ တနေ့က ကျွန်တော်ရေးသေးတယ် ၊ 6s တချို့မှာ battery ပြသနာ ရှိလို့ Apple က free လဲပေးမယ်ဆိုတာ

အဲ့ဒီနေ့က ကျွန်တော့် post အောက်မှာလည်း comment ပေးကြတာ ရှိတယ်ဗျ။ သူတို့ 6s တွေက လဲပေးမယ့် ထဲ မပါပေမယ့် ၊ အဲ့လိုပဲ shutdown ဖြစ်ဖြစ် သွားတာ။ အခုတော့ အဖော်တွေ ရှိကုန်ပါပြီ ၊ ဖြစ်တာက သူတို့တွေတင်မဟုတ်တော့ပါဘူး ၊ တခြားသူတွေမှာလည်း battery လဲပေးမယ့် အလုံးတွေထဲ မပါသည့်တိုင် ပြသနာ တက်တဲ့ 6s တွေ များလာ တာနဲ့ အခု Apple မှာလည်း အကြပ်ရိုက်ပြီး အစီအစဉ် အသစ် ဆွဲထားရပါတယ်။

blog-iphone-6s-battery

အစီအစဉ်အသစ်က ကိုယ့် 6s က battery လဲပေးမယ့်ထဲ ပါရင်တော့ အိုကေ ၊ အရင်အတိုင်း လဲပေးမယ်။ သို့ပေ့မယ် အခြား အလုံးတွေမှာတော့ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ အဖြေရှာဖို့ ရှေ့ပတ်ထဲမှာ 6s အားလုံးအတွက် iOS Update ထွက်မယ် ပြောတယ်ဗျ။

အဲ့ဒီ iOS update ထည့်လိုက်လို့ ကောင်းသွားမှာတော့ မဟုတ်ပေမယ့် ၊ update လုပ်ထားတဲ့ အလုုံုးတွေက ပြန်ပို့တဲ့ data တွေကို ကြည့်ပြီး Apple က ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာ သုံးသပ်မယ် ၊ လိုအပ်တဲ့ action တွေ ယူမယ်ပေါ့ဗျာ။ လဲပေမယ်လို့ မပြောသေးဘူး … ဟက်ဟက် 😛 😀

ဒါနဲ့ ဟိုနေ့က ရေးထားသလို ၊ serial no. စစ်ရတာ အဆင်မပြေရင် အခု Apple က စစ်ပေးမယ့် webpage လေး အသစ်ဖွင့်ထားပါတယ်။ Setting > General > About ထဲက Serial No. ကို ကူးယူး ပြီးရင် Apple ရဲ့ iPhone 6s Program for Unexpected Shutdown Issues ကို ဝင် ၊ ကိုယ့်ရဲ့ serial no. လေး ထည့်ပြီး အကျံုးဝင် ၊ မဝင် စစ်လို့ရကြောင်းဗျာ။

စစ်လို့ရပေမယ့် ၊ အခု ဖြစ်နေတဲ့ အဖြစ်အပျက်တွေအရ သုံးနေရင်း shutdown ဖြစ်သွားတဲ့ ကိစ္စက ပြေလည်မယ် ၊ မပြေလည်မယ် တပ်အပ်မပြောနိုင်တဲ့ သဘောမို့…. အဆင်ပြေကြပါစေဗျာ .. ဟဲဟဲ 😀 🙂

Source: Redmondpie

Leave a Reply

Your email address will not be published. Required fields are marked *