အရေးပေါ်အတွက် Trusted Contacts

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီလိုလေ … အခုခေတ်က ဘယ်သွားသွား သိပ်စိတ်ချရတာ မဟုတ်ဘူး မလား ….

ဓာတ်ရှင်တွေ ကြည့်တာ များလို့ပဲ ဖြစ်ဖြစ် ၊ သတင်းတွေ ကြည့်တာ များလို့ ဖြစ်ဖြစ် ၊ မပြောကောင်း မဆိုကောင်း ၊ ဘေးအန္တရာယ်နဲ့ ကြုံနေပြီဆိုရင် ၊ ကိုယ်ရောက်နေတဲ့ နေရာလေး တခြားသူဆီပို့လို့ ရရင်ကောင်းမှာပဲလို့ စဉ်းစားမိရင် … Google ကို ကျေးဇူးတင်လိုက်ပါ။

Google က အခု Trusted Contacts လို့ နာမည်ပေးထားတဲ့ app အသစ်ကို မိတ်ဆက်ပါတယ်။ လုပ်ပုံကိုင်ပုံကတော့ ဒီလိုပါ။ ကိုယ့်ခင်မင်ရင်းနှီးရတဲ့ ၊ ယုံကြည်စိတ်ချရတဲ့ သူတွေကို trusted contacts အနေနဲ့ app ထဲမှာ ထည့်ထား ၊ ဘေးအန္တရာယ်ကြံုတဲ့ အခါ ၊ တစ်ချက် နှစ်ချက် ၊ ဟိုနှိပ် ၊ ဒီနှိပ် လုပ်လိုက်ရုံနဲ့ ကိုယ်ရောက်နေတဲ့ နေရာ ၊ မပြောကောင်းမဆိုကောင်း ပိတ်မိနေတဲ့ နေရာကို Google ကနေ တဆင့် trusted contact တွေဆီ ပို့ပေးမှာပါ။ ကျန်တာကတော့ ဆုတောင်းပြီးစောင့်ပေါ့ … ဟက်ဟက် 😛 😀

blog-trusted-contacts

အဲ့လိုဆို ပြောစရာ ရှိတယ်၊ ဖုန်းတောင် မနှိပ်နိုင်လောက်အောင် မူးမေ့သွားရင်ရော … ဆိုပါစို့ ။ အဲ့လိုဆိုရင် ကိုယ့် trusted contact တွေက ချစ်လွန်းလို့ ၊ ဒီကောင်တော့ အသက်ရော ရှိသေးရလား ၊ မှန်းစမ်းဆိုပြီး location ကို request လုပ်မယ် ၊ အဲ့ဒီ အချိန်မှာ ကိုယ်က အေးဆေး ၊ သာသာယာယာ ပဲ ကမ်းခြေမှာ သွား အပန်းဖြေ နေတယ် ဆိုပါစို့ ၊ ဒီမှာဟေ့လို့ reply ပြန်လိုက်ရုံပဲ။

အဲ့လိုမှ မဟုတ်ဘူး ၊ မူးမေ့လဲ နေပြီ ဆိုရင်တော့ သတ်မှတ် အချိန်မှာ reply မပြန်ရင် Google က နောက်ဆုံး ရရှိထားတဲ့ location ကို request လုပ်သူထံ ပေးပို့ ပေးမှာပါ။

ဘာရယ်တော့ မဟုတ်ပေမယ့် ၊ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင်တော့ တော်တော်အသုံးဝင်မယ့် ကိန်းပဲဗျ။

ဒါကြောင့် ဓာတ်ရှင်တွေ ကြည့်တာ များလို့ဖြစ်ဖြစ် ၊ ကမ္ဘာကြီး ပျက်တော့မှာ ကြောက်လို့ပဲဖြစ်ဖြစ် ၊ သုံးချင်တယ် ဆိုရင် လောလောဆယ် Android အတွက် Play Store မှာ ရပြီ ပြောတာပဲဗျ။ ကျွန်တော်တော့ မရှာကြည့်ရသေးဘူး ၊ လောလောဆယ်တော့ ရုံးမှာပဲ ကျောက်ချနေရတာကို အားလုံး သိပြီးမို့ 😛 😀

Source: Mashable

Leave a Reply

Your email address will not be published. Required fields are marked *