ဓာတ်ဟောင်းတွေကို ဓာတ်သစ်ပြောင်းပေးမယ့် PhotoScan

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို ….

ဒီနေ့တော့ ဟိုဖက် ဒီဖက် လှည့်တိုက်တဲ့ အလုပ်ကို နားပြီး မရေးစဖူး app လေး အကြောင်းရေးဦးမယ်ဗျ။

Google က PhotoScan ဆိုတဲ့ app လေး ထုတ်တယ်ဗျ။ တယ်ကောင်းသကိုး … ဒါများ ဘာခက်သလဲ ၊ ဓာတ်ပုံကိုု ဓာတ်ပုံ ပြန်ရိုက်ပေါ့ လို့ပြောရင်လည်း ခံဦးဟ … ဒီလောက်တော့လည်း သိတာပေါ့ သို့ပေမယ့် ဒီ app လေးက ထူးတယ်ဗျ။

blog-google-phone-scan-1

နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံဖြစ်ဖြစ် ၊ စားပွဲပေါ်မှာ ထားပြီး scan ရင် ဖြစ်ဖြစ် ၊ ပေါ်နေတဲ့ ဘောင်ထဲ ဝင်အောင်ချိန် ၊ အနီခလုတ်လေးနှိပ် ၊ ဒါဆို app က flash မီးကြီးပွင့်လားပြီး ထောင့် ၄ ခုမှာ အဖြူဝိုင်းလေး ၄ ခု ပေါ်လာပါလေရော ၊ ဖုန်းနဲ့ အဲ့ဒီ ထောင့် ၄ ခု ကို တစ်လှည့်စီ ဝင်အောင် ထပ်ချိန်လိုက် ၊ ချိန်နေတဲ့ ကာလ တောက်လျှောက်တော့ flash ကြီးလင်းနေမှာ ၊ ၄ ခုလုံးပြီးသွားပြီ ဆိုရင်တော့ ….. ဝါ…လား …. ၊ ရှယ်ဆိုမှ ရှယ် ၊ အခုမှ ကင်မရာနဲ့ ထရိုက်ထားတဲ့ ပုံအလား scan ဖတ်ပြီးတဲ့ ဓာတ်အသစ်ကို ရရောဗျ။

[youtube video_id=”MEyDt0DNjWU” width=”0″ height=”0″ ]

ကိုယ်တိုင်စမ်းပြီးလို့ ရေလည် ကြိုက်နေတာနဲ့ပဲ လက်တို့လိုက်တာ။

Google ရဲ့ ပြောပုံအရတော့ အဲ့လို မီးကြီးလင်းပြီး အဝိုင်းတွေ လျှောက်ဖတ်နေတဲ့ အချိန်မှာ app က ပုံပေါင်းများစွာ ရိုက်ကူးပေးနေပြီး ၊ အားလုံးပြီးသွားတဲ့ အချိန်မှာ အလင်းပြန်မှု မရှိတဲ့ အကောင်းဆုံး ပုံတစ်ပုံဖြစ်အောင် ပေါင်းစည်းလုပ်ကိုင်ပေးတာလို့ ဖတ်ရပါတယ်။

ကျွန်တော်တော့ စမ်းကြည့်ပြီးပြီ ၊ ကြိုက်လို့ လက်တို့လိုက်တာ ၊ စမ်းချင်တယ် ဆိုရင်တော့ Google Play Store ရော ၊ Apple App Store မှာပါ ရပြီ ဖြစ်ကြောင်းပါဗျာ။

Source: Google, Google Photos, Engadget

Leave a Reply

Your email address will not be published. Required fields are marked *