S8 နဲ့ တွဲမယ့် Dex ၊ အသစ်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

Samsung က အသစ်ထွက်မယ့် S8 နဲ့ ပတ်သက်လို့တော့ ထူးထူးခြားခြား ဒီပစ္စည်းလေး leak ဖြစ်တယ်ဗျ။

ဂြိုလ်သားလိုလို ၊ အာကသယာဉ်လိုလိုု ၊ ဒီ Dex ဆိုတဲ့ ပစ္စည်းက S8 ကို desktop computer လို အလုပ်လုပ်ပေးအောင် စွမ်းဆောင်ပေးမယ့် ပစ္စည်းလို့ အနောက် ကမ္ဘာက ဆြာကြီး တွေက သုံးသပ်လေရဲ့ဗျ။

သူ့မှာ USB C ပါတယ်။ Full size USB port ၂ ခု ပါတယ် ဆိုတော့ ၊ keyboard နဲ့ mouse နဲ့ တွဲမယ်။ HDMI ပါတော့ monitor နဲ့ တွဲမယ် ၊ တွေးကြည့်တာနဲ့တော့ ဟုတ်နေတာပဲဗျ။ ဒါနဲ့ အပေါ်မှာ ထောင်နေတဲ့ ပန်ကာက ဘာလုပ်ဖို့ ဘာလိမ့်ဆိုတော့ ….. အဟက် ၊ Samsung ဖုန်းကိုးဗျ … သိတယ်မလား…. ဟက်ဟက် … 😛 😀

ဟုတ် ၊ မဟုတ် ကတော့ သိပ်မစောင့်ရတော့ပါဘူးလေ။ မတ် ၃၀ ဆိုရင် S8 ကိုလည်း ချပြတော့မှာ ဆိုတော့ S8 က အပြင်မှာ ဘယ်လို နေတယ် ၊ ဒီ Dex က တကယ်လား ၊ စိတ်ကူးယဉ်လား စသဖြင့် သိရတော့ မှာဆိုတော့ ၊ စောင့်ကြည့် …. 😀 🙂

Source: Phandroid

Leave a Reply

Your email address will not be published. Required fields are marked *