6s Battery ဒီလို စစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အဟက်ဟက် … ကြားပြီး ပြီကော …. iPhone 6s ကလည်း Sammy လောက်မဆိုးသော်ငြား သူလည်း battery ပြသနာ တက်လို့ လေ။ သူကျတော့ သုံးရင်း ပိတ်ပိတ်သွားတာ …

အဲ့ဒါနဲ့ပဲ အခုတော့ Apple က 6s ရဲ့ အချို့ အချို့သော အလုံးတွေမှာ flaw တွေ ရှိပါတယ်။ ရှိတဲ့ အလုံးတွေကို warranty မရှိတော့ရင်လည်း ယူလာပါ ၊ ပြန်လဲ ပေးပါ့မယ် ဆိုပါတယ်။

blog-6s-battery-replacement

ဆိုတာတော့ ဆိုတာပေါ့ … ဒါပေမယ့်လည်း Apple Store ကို သွားရတာလည်း မချောင်ဘူးကိုးဗျ။ ရန်ကုန်မှာဆိုရင် official store ကလည်း ၁ ခုလား ၊ သေချာတော့ မသိ ၊ ရှိတာနဲ့ ၊ ကိုယ်ဖာသာ ကိုယ် စစ်ကြည့်လုုိ့ရရင် ကောင်းမှာဆိုရင် ဒီလို စစ်ကြည့်ဗျ။

Apple က ပြောထားတဲ့ စကားအရ September – October 2015 အတွင်းထုတ်ထားတဲ့ အလုံးတွေမှာပဲ ဒီ ပြသနာ ရှိတယ်ဆိုတော့ကား ..

Setting ထဲသွား ၊ အဲ့ဒီကမှ General > About ကိုဝင် ၊ အောက်ဖက်မှာ Seriel No. လေး ရှိပါ့ ၊ အဲ့နံပါတ်လေးကို ကြည့် …. ၄ ၊ ၅ လုံး လောက်မှာ Q3, A4, Q5, Q6, Q7, Q8, Q9, QC, QD, QF, QG, QH, QJ စတဲ့ အလုံးတွေ တွေ့တယ် ဆိုရင် ၊ ရပြီ ။ ဆိုင်ကိုယူသွားလို့ ရပြီ 😛 😀

အဲ့ဒီ နံပါတ်ပါတဲ့ iPhone 6s တွေမှာ battery flaw ရှိပါတယ်ဗျာ ၊ ဒီတော့ နိုင်ငံခြား ရောက်ရင်ဖြစ်ဖြစ် ၊ ပြည်တွင်းက official Apple store မှာပဲ ဖြစ်ဖြစ် (official Apple Store မှန်ရင်တော့ နိုင်ငံတကာ နည်းတူ လဲတော့ လဲပေးရမှာပဲဗျ။ သို့သော်လည်း ပြည်တွင်း official Apple store ဒီကိစ္စတော့ အာမမခံ ပါကြောင်း) ၊ warranty မရှိသော်ငြား battery free လဲလှယ်လို့ရပါကြောင်း 😛 😀

Source: 9to5Mac via Redmondpie

Leave a Reply

Your email address will not be published. Required fields are marked *