MacBook အသစ် နဲ့ Battery ပြသနာ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ကျွန်တော်တို့ customer တွေ ထဲမှာလည်း MacBook 2016 model တွေ upgrade လုပ်သူတွေ ရှိတာမို့ ဒီသတင်းလေးလည်း လက်တို့ ပျစေဦး ခင်ဗျ။

Apple က ဒီ နှစ်ထဲမှာတော့ battery ဂယက် တော်တော် ကြီးတယ်ပြောရမယ်ဗျ။ iPhone 6s တွေလည်း battery ကြောင်လို့ free replacement တွေ လုပ်ပေးရတယ် ၊ ဟော .. အခုလည်း 2016 MacBook တွေမှာ battery ပြသနာ တက်ပြန်ပြီ။

တော်ပါသေးရဲ့လို့ပဲ ပြောရမလား ၊ MacBook battery ပြသနာ ကတော့ hardware ပြသနာ မဟုတ်ပဲ software ပြသနာမို့ ပြင်ဆင်ဖို့ လွယ်ကူ ပါတယ်။ ဖြစ်ပုံကတော့ MacBook OS ရဲ့ battery ဘယ်လောက် ကျန်သေးတယ် ၊ ဘယ်နနာရီ အသုံးခံဦးမယ် စသဖြင့် ပြတဲ့ indicator က ယေဘုယျာ အားဖြင့် ပြတယ်ဆိုတာ laptop သုံးသူ တိုင်း သိပေမယ့် ၊ MacBook အသစ်မှာတော့ တရားလွန် လွဲမှားတယ်လို့ပဲ ဆိုရမလား ၊ ခဏပဲ သုံး ၅၀% ကုန်ပြီ စသဖြင့် ပြလို့ ပြ ၊ ၃% လောက် ကျန်တယ်ဆိုပြီး နာရီပေါင်း မာျးစွာ ထပ်သုံးလို့ရလို့ရနဲ့ ဓာတ်ကြောင် နေခဲ့တာပါ။

အခုတော့ Apple က ဒါက software error ဖြစ်တယ်လို့ ကြေငြာပြီး OS update ထုတ်ပေးလိုက်ပါတယ်။ OS ရဲ့ log မှာ ကြည့်ရင်တော့ တော်တော် ရှာရှာဖွေဖွေ ရှာရမယ့် သဘောရှိပေမယ့် ဆြာတွေကတော့ ဒီ update က အဓိကအားဖြင့် battery indicator ကြောင်နေတဲ့ ကိစ္စကို ဖြေရှင်းထားတယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် MacBook 2016 model လေးသုံးတယ် ၊ အသစ်ထွက်တဲ့ OS 10.12.2 ကို update မလုပ်ရသေးဘူးဆိုရင် update လုပ်သင့်ကြောင်းပါဗျာ။ Update လုပ်ပြီးရင်တော့ ကောင်းသွားလောက်ပြီလို့ မေ ျှာ်လင့်ရကြောင်းပါ 😛 😀

source: 9to5mac

Leave a Reply

Your email address will not be published. Required fields are marked *